ရေဘဝဲခရမ်းချဥ်သီးကိုဟဲလွန်းခရမ်းချဥ်သီးလို့လည်းခေါ်ပါတယ်//ရေဘဝဲခရမ်းချဥ်သီးလို့ခေါ်ရတဲ့အကြောင်းရင်းကတော့ သစ်ကိုင်းတွေဟာပင်စည်ကနေရေဘဝဲလက်တံလိုဖြာထွက်နေလို့ပါပဲ
40-50mကျယ်ပြန့်တဲ့ရေဘဝဲခရမ်းချဥ်သီ
သင်မကြာခဏမြင်တွေ့နေရတဲ့ခရမ်းချဥ်သီးတွေနဲ့မတူဘဲ ရေဘဝဲခရမ်းချဥ်သီးကစပျစ်နဲ့ခရမ်းချဥ်သီးကိုမျိုးစပ်စိုက်ပျိုးထားတာကြောင့် ဒီလိုမျိုးကိုင်းဖြာတဲ့အနေအထားတစ်ခုထိရောက်လာတာပါ//သစ်ပင်ကအရွယ်အစားကြိးမားပြီး အရိပ်က40-50m2အထိဖြန့်ကျက်နိုင်ပါတယ်//အမြင့်ကတော့4mအထိရှိပါတယ်
ရေဘဝဲခရမ်းချဥ်သီးရဲ့သက်တမ်းက2-3နှစ်ရှိပြီး အသီးတွေကဆက်တိုက်သီးနေတာပါ//ပျမ်းမျှအားဖြင့်ပြောရရင် 1နှစ်သားအပင်က14000ကျော်သီးပေးပါတယ်// အသီးအမြင့်ဆုံးကာလဆို32000ကျော်သီးပေးပါတယ်
Mr. Hungရဲ့ခရမ်းချဥ်သီးပင်
ဟနွိုင်းမှာရှိတဲ့ Mr.Van Hungကဒီလိုခရမ်းချဥ်သီးမျိုးကိုအောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့ပါပြီ//သူကမျှဝေပေးတာကတော့:"ဒီခရမ်းချဥ်သီးကရာသီဥတုအေးတာကိုကြိုက်တယ်ဗျ//အသီးသီးဖို့ဆိုရာသီဥတုအေးမှရမယ်//အပင်ပေါက်လာရင်ဘေးကိုင်းတွေအကုန်လုံးကိုဖြတ်ချပေးရတယ်//ဒီလိုမျိုးဖြတ်ချပေးမှပင်စည်ကအပေါ်ကိုတက်သွားတာ//(အရင်နှစ်က ကျွန်တော်သဘာဝအတိုင်းစိုက်ဖို့ကြိုးစားကြည့်သေးတယ်//ဒါပေမဲ့အောက်ကိုင်းတွေကိုမဖြတ်ခဲ့တော့အပင်က2.5mလောက်ပဲမြင့်သွားတယ်)
ခရမ်းချဥ်သီးကဂင်းနစ်စံချိန်ဝင်ထားပြီး ပင်စည်တစ်ခုတည်းကနေ32000ကျော်သီးနိုင်ပါတယ်
CNNကမ္ဘာမှာထွက်အားအကောင်းဆုံးခရမ်းချဥ်သီးဆိုပြီးမိတ်ဆက်ပေးခဲ့ပါတယ်